အကဲပို​သောဖိုး​ရွှေ

အကဲပို​သော ဖိုးရွှေ နှင့်​ သစ္စာကြီး​သော မယ်​​ထွေး.. ၁၈နှစ်အောက်မဖတ်ရ အကဲပို​သော ဖိုးရွှေ နှင့်​ သစ္စာကြီး​သော မယ်​​ထွေး.. သရဲ​ပြေး ဖိုး​ရွှေ အ​ကြောင်း ခများတို့ သိကြမှာပါ။သူမိန်းမရသွားတဲ့ အ​ကြောင်း​လေးလည်း ( အ​ကောက်​မှား ၍ မိန်းမရ​သော ဖိုး​ရွှေ ) ဆိုပြီး ကျုပ်​ ​ရေးပြီးပါပြီ… အခု ကျုပ်​ ​ရေးပြချင်​တာက ကျပ်​မပြည့်​တဲ့ ဖိုး​ရွှေ နဲ့ သူ့ရဲ့ ချစ်​ဇနီး​ချော​လေး မယ်​​ထွေး​လေး တို့အ​ကြောင်း​လေးပါ.. ဖြစ်​ပုံက ဒီလို ဗျ။ဖိုး​ရွှေက သူ့မိန်းမ မယ်​​ထွေးကို အလွန်​ချစ်​ဆိုပဲ။ချစ်​ဆို ဗျာ သူဘယ်​သွားသွား မယ်​​ထွေးကိုပါ ​ခေါ်သွားသတဲ့။သူ့မိန်းမ မယ်​​ထွေးကို သူ့မျက်​စိ​အောက်​ကကို အ​ပျောက်​မခံဘူးတဲ့ ဗျို့။ပြီး​တော့ သူ့မိန်းမကို ဘယ်​​ယောင်္ကျား​လေးနဲ့မှလည်း စိတ်​မချဘူးတဲ့ ဗျာ။သဝန်​တိုတတ်​လိုက်​တာကလည်း လွန်​​ရော ဗျို့… အဲ..တစ်​​နေ့​တော့ ဖိုး​ရွှေကို ရွာဦး​ကျောင်း ဆရာ​တော်​ဘုန်းကြီးက သူတို့ရွာနဲ့ အ​တော်​အလှမ်း​ဝေးတဲ့ ရွာက ပဌာန်းရွှတ်​ဖတ်​ပူ​ဇော်​ဖို့ ပင့်​ဖိတ်​လို့ဆိုပြီး ဖိုး​ရွှေကို ဘုန်းကြီးက သူနဲ့လိုက်​ခဲ့ဖို့ ​ခေါ်ပါ​ရော ဗျာ။ဒီတစ်​ခါ​တော့ ဖိုး​ရွှေ ခမျာ အ​တော်​ကို အကြပ်​​တွေ့ပြီ ဗျ။ပဌာန်းက အသံမစဲမဟာပဌာန်းကြီး ​လေ။ရက်​က တစ်​လကြီး​တောင်​ဆိုပဲ… မိန်းမနဲ့ တစ်​စက္ကန့်​​လေး​တောင်​ မခွဲနိုင်​တဲ့ ဖိုး​ရွှေ ဒီတစ်​ခါဘယ်​လိုမှ မတတ်​နိုင်​​တော့ဘူး ​ပေါ့ဗျာ။မလိုက်​ချင်​ဘူး ငြင်းပြန်​ရင်​လည်း ဘုန်းကြီးရဲ့ ကြိမ်​စာကမိအုံးမယ်​ မလား။မိန်းမကို ​ခေါ်သွားရ​အောင်​ကလည်း မသင့်​​တော်​ဘူးဆိုတာ သူသိ​နေ​တော့ ဖိုး​ရွှေ ရင်​ထဲမီးစွဲ​လောင်​ပြီ​ပေါ့ ဗျာ… ​နောက်​ဆုံး​တော့ ဘုန်း​တော်​ကြီးရဲ့ အမိန့်​ကိုမလွန်​ဆန်​နိုင်​လို့ ဖိုး​ရွှေ တစ်​​ယောက်​ ပဌာန်းပွဲဆီကို လိုက်​ရ​ပြီ​ပေါ့ ​လေ။ဖိုး​ရွှေက မယ်​​ထွေး​လေးကို အရမ်းချစ်​​တော့ သူနဲ့ တစ်​လကြီး​တောင်​ ခွဲ​နေရမှာဆို​တော့ သူ့မိန်းမ မယ်​​ထွေးကို တခြား​ယောင်္ကျား​လေး​တွေနဲ့ စိတ်​မချ​တော့ ဘာလုပ်​ခဲ့တယ်​ ထင်​လဲ… မယ်​​ထွေး​လေးကို ​နောက်​​ဖေးကိုဆွဲ​ခေါ်ပြီး ​ပြော​ပြောဆိုဆို သူ့လက်​ထဲ အသင့်​ယူလာတဲ့ ရွှံ့နဲ့ ပိတ်​လိုက်​ပါ​ရော ဗျာ။ဘာကိုပိတ်​လိုက်​တာလဲ​တော့ ခများတို့ ကိုယ့်​ဘာသာ​တွေးကြည့်​ကြ ဗျာ။အကုန်​​ရေးလို့က မသင့်​​တော်​ဘူး​လေ… မယ်​​ထွေး​လေးလည်း သူမ​မျှော်​လင့်​ထားတာ ဖိုး​ရွှေက လုပ်​လိုက်​​တော့ ဒါက ဘာလုပ်​တာလဲလို့ ​မေးတာ​ပေါ့ ဗျာ။ဒီ​တော့ ဖိုး​ရွှေက နင့်​ကို ငါ စိတ်​မချလို့ ပိတ်​တာလို့ ​ပြောတာ​ပေါ့။ဒီ​တော့ မယ်​​ထွေးက သူ့​ယောင်္ကျားကို ကြည့်​ပြီး စိတ်​မဆိုးပဲ ရယ်​ချင်​​နေတာ​ပေါ့ ဗျာ။သူလည်း ဖိုး​ရွှေကို ချစ်​တာ​ပေါ့။အကဲပိုတဲ့ ဖိုး​ရွှေကို သူကပို​တောင်​ ချစ်​​သေးတဲ့။ဖိုး​ရွှေ ပိတ်​တဲ့ရွှံ့က ဘယ်​​လောက်​ခိုင်​မှာလဲ။ခြောက်​သွားရင်​ သူ့လိုလိုကွာကျမှာ မလား။ဒါမဲ့ ​ယောင်္ကျား စိတ်​ချမ်းသာပြီး​ရော ဆိုပြီး မယ်​​ထွေး​လေးက ဘာမှမ​ပြောပဲ အသာ​လေးသာ ငြိမ်​ခံ​နေတာ​ပေါ့ ဗျာ… ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဒီလိုနဲ့ ဖိုး​ရွှေ တို့နွားလှည်းနဲ့ ပဌာန်းပွဲသွားရပြီ​ပေါ့။ဒီတစ်​လက ဖိုး​ရွှေ အတွက်​တစ်​ကမ္ဘာ​လောက်​​တောင်​ကြာ​နေသလားလို့ ထင်​​နေမိပြီအိမ်​ကမိန်းမကို ဖိုး​ရွှေ လွမ်းလှပြီ။မိန်းမနဲ့ပြန်​ဆုံဖို့အ​ရေး ဖိုး​ရွှေတစ်​​ယောက်​ လက်​ချိုးလို့ရည်​​တွက်​​နေမိတယ်​။ည ညဆို သူအိပ်​မ​ပျော်​ သူမိန်းမ တခြားသူ​တွေနဲ့များ ရှိ​နေမလားဆိုတဲ့ စိတ်​ကြီးက ဖိုး​ရွှေကို အိပ်​​ရေးပျက်​​စေခဲ့ပြီ ဗျ… ​နောက်​ဆုံး​တော့ ပဌာန်းပွဲကြီးက တစ်​လပြည့်​၍ ပြီးဆုံးသွားခဲ့ပါပြီ။ဖိုး​ရွှေ တစ်​​ယောက်​ ​ပျော်​လိုက်​တဲ့ဖြစ်​ခြင်း ဗျာ။ရွာအပြန်​ လှည်းကို အတင်း​မောင်းတယ်​။ရွာ​ရောက်​​တော့ ဘုန်းကြီးကို​ကျောင်းမှာ ဝင်​ချပြီး အိမ်​ကို တန်းပြီး ပြန်​ပါ​လေ​ရော ဗျာ… ခြံထဲကို ဝင်​လာတဲ့နွားလှည်းကို မြင်​​တော့ မယ်​​ထွေး အလွန်​ဝမ်းသာသွားပြီး ​ယောင်္ကျားဖြစ်​သူကို သွားကြိုမယ်​အလုပ်​ သူ့မှာ ဖိုး​ရွှေ မသွားခင်​က ပိတ်​ထားတဲ့ ရွှံ့က မပါ​တော့တာကို သတိရလိုက်​​တော့ သူ့​ခြေလှမ်း​တွေ ရပ်​တန့်​လိုက်​တယ်​။ဒါကလည်း သူတခြား​ယောင်္ကျားနဲ့ ​ဖောက်​ပြန်​လို့မှ မဟုတ်​တာပဲ သူ့လိုလို​ခြောက်​ပြီး ကွာကျသွားတာ မလား။ဒါကို ဖိုး​ရွှေ သိလို့ မဖြစ်​ဘူးဆိုတာ မယ်​​ထွေး သိ​နေတယ်​… ​ခြောက်​လို့ကွာသွားတယ်​လို့ ​ပြောလို့လည်း ဖိုး​ရွှေက ယုံမှာမဟုတ်​ဘူး။ကိုယ်​မ​ဖောက်​ပြန်​ပဲနဲ့ ချစ်​သူလင်​​တောင်​​မောင်​ အထင်​လွဲမှာကို မယ်​​ထွေး အဖြစ်​မခံနိုင်​ဘူး။ဒါနဲ့ မယ်​​ထွေးလည်း အကြံတစ်​ခုရတာနဲ့ ဖိုး​ရွှေ နွားလှည်းဖြုတ်​​နေတုန်း အိမ်​​ရှေ့စိုက်​ထားတဲ့ ပန်းအိုးထဲက ရွှံ့ကိုယူလိုက်​တယ်​ ဗျ။ပန်းအိုးထဲက ရွှံ့ဆို​တော့ မြက်​​တွေလည်း ပါတာ​ပေါ့ ဗျာ။မယ်​​ထွေးလည်း ဘယ်​မြက်​ပါပါ ဖိုး​ရွှေ မမြင်​ခင်​အမြန်​လုပ်​မှပဲဆိုပြီး ပန်းအိုးထဲကရွှံ့နဲ့ ဖိုး​ရွှေ ပိတ်​ထားသလို ပိတ်​လိုက်​ပါ​လေ​ရော ဗျာ… လာပါပြီ..လာပါပြီ..အကဲပိုလွန်းတဲ့ ​မောင်​ဖိုး​ရွှေ လှည်းဖြုတ်​ပြီးတာနဲ့ မယ်​​ထွေးနားကို ခပ်​သုတ်​သုတ်​​ရောက်​လာပြီးး ဘာမ​ပြောညာမ​ပြောနဲ့ မယ်​​ထွေးလက်​ကို ဆွဲပြီးး အခန်းထဲ​ခေါ်သွားပါ​လေ​ရော။အိမ်​​ရှေ့မှာ သူ့အ​ဖေ ​ရေ​နွေးကြမ်း​သောက်​ရင်း သူ့ကို ပြန်​လာပြီလား ငါ့သားလို့ နှုတ်​ဆက်​တာ​တောင်​ ဖိုး​ရွှေ ပြန်​မ​ဖြေအားဘူး ဗျ။ဒီအချိန်​မှာ သူအရမ်းသိချင်​​နေတာက မယ်​​ထွေးဆီက သူပိတ်​ခဲ့တဲ့ရွှံ့ ရှိ​သေးလားဆိုတာပါပဲ… ဖိုး​ရွှေ မယ်​​ထွေးကို အခန်းထဲ အတင်းဆွဲ​ခေါ်တယ်​။အခန်းထဲ​ရောက်​​တော့လည်း ဘာစကားမှ မ​ပြောပဲ သူသိချင်​တာ တန်းပြီးး ကြည့်​တယ်​ ဆိုပါ​တော့ ဗျာ။မယ်​​ထွေး​လေးလည်း ရှက်​တာ​ပေါ့ ဗျာ။ဒါမဲ့ ​ယောင်္ကျား စိတ်​ချမ်းသာပြီး​ရောဆိုပြီး ဘာမှမ​ပြောဘူး ဗျ။ဖိုး​ရွှေက သူသိချင်​တာလည်း ကြည့်​လိုက်​​ရော ဖိုး​ရွှေ မျက်​နှာ ဝင်းလက်​သွားပြီး မယ်​​ထွေး​လေးကို တစ်​ခါ အခန်းအပြင်​ကို အတင်းဆွဲ​ခေါ်လာပြန်​​ရော.. ဖိုး​ရွှေက မယ်​​ထွေးကို အပြင်​မှာ​ရေ​နွေး​သောက်​​နေတဲ့ သူ့အ​ဖေနားကို ​ခေါ်လာတာ ဗျ။မယ်​​ထွေးလည်း ဖိုး​ရွှေ ဘာလုပ်​မယ်​ဆိုတာ မသိ​တော့ ဘုမသိ ဘမသိနဲ့ လိုက်​လာတာ​ပေါ့ ဗျာ။သူ့အ​ဖေနားလည်း ​ရောက်​​ရော ဖိုး​ရွှေက ဘာ​ပြောတယ်​ ထင်​လဲ….??? “”” အ​ဖေ့…အ​ဖေ​ချွေးမ ကျုပ်​​ပေါ် သစ္စာကြီးတာ​တော့ ​ပြောမ​နေနဲ့​တော့ …ဒီမှာ ကျုပ်​ မသွားခင်​ ပိတ်​ခဲ့တဲ့ ရွှံ့က အခုမြက်​​တွေ​တောင်​​ပေါက်​​နေပါ​ရော အ​ဖေ​ရေ…””” “””” ​ဟှေ..ဖူးးးဖူးးးး “”””” ဖိုး​ရွှေ အ​ဖေက ​ဖိုး​ရွှေ စကားကြားပြီး ​သောက်​လက်​စ ​ရေ​နွေးအပူ​တွေ ပါးစပ်​က​နေ တဖူးဖူးး မှုတ်​ပစ်​ပါကုန်​ ဗျို့… ဒီ​တော့ မယ်​​ထွေး​လေးလည်း အ​ဖေ့​ရှေ့ဆို​တော့ ရှက်​တာနဲ့ ​ခေါင်း​လေးးငုံ့ပြီးး အခန်းထဲ ပြန်​​ပြေးဝင်​သွားးပါ​ရော ဗျာ.. ဟားးး ဟားးး ဟားးး ။ ။ ။

Comments